What is E commerce ?

E commerce ရဲ့ အရှည်ကောက်ကတော့ Electronic commerce ဖြစ်ပါတယ်။ ဆိုလိုတာကတော့ online ပေါ်မှာအရောင်း အဝယ်ပြုလုပ်
တာကိုဆိုလိုပါတယ်။ ဥပမာအားဖြင့် oline shopping site,auction site, eBay site တွေပေါ်မှာရောင်းဝယ်တာတွေ၊ ကော်ပိုရေးရှင်တွေအကြားရောင်းဝယ်ျမှုတွေ၊
Online Banking တွေအားလုံး E commerce မှာအကြုံးဝင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် အများစုက သူတို့ရဲ့ အရောင်းအဝယ်လုပ်ငန်း တွေကို online ပေါ်မှာ လုပ်ကိုင်လာကြတာကြောင့် ၂၀၁၈ မှာ
Ecommerce ကပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ မိုဘိုင်းဖုန်းနဲ့ဆက်စပ်ပစ္စည်းတွေရောင်းချမှုတွေကလဲ Ecommerce ကိုပိုမိုဖွင့်ဖြိုးတက်စေခဲ့ပါတယ်။
ခန့်မှန်းချက်များအရ Ecommerce ရောင်းဝယ်မှုရဲ့ ၇၀% ဟာမိုဘိုင်းဖုန်းလိုင်းပေါ်ကနေ အလုပ်ဖြစ်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။
Facebook လို social media site တွေကလည်း Ecommerce ရောင်းဝယ်မှုကို ပိုမို တိုးတက်စေတဲ့ အကြောင်းတရားတွေထဲမှာပါဝင်ပါတယ်။
Social Media Site တွေနဲ့ Ecommerce တွေရဲ့နီးကပ်စွာပေါင်းစီးလုပ်ကိုင်လာမှုတွေကြောင့် အင်တာနက်သုံးစွဲသူတွေဟာနေ့စဉ် Online ပေါ်မှာ
ဈေးဝယ်ထွက်တဲ့ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေမှာပါဖြစ်ပါတယ်။

Ecommerce ကို အဓိက အခြေခံပုံစံ (၃) နဲ့ခွဲခြားနိုင်ပါတယ်။

  • Business to Business (B2B)
    စီးပွားရေးလုပ်ငန်းခြင်း တိုက်ရိုက် ဆက်သွယ်ရောင်းဝယ်လုပ်ကိုင်ခြင်း

 

  • Business to Customer (B2C)
    စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူ ဆက်သွယ်ရောင်းဝယ်လုပ်ကိုင်ခြင်း

 

  • Customer to Customer (C2C)
    စားသုံးသူများအချင်းချင်း အကြားဆက်သွယ်ရောင်းဝယ်လုပ်ကိုင်ခြင်း

 

Ecommerce အသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးကျေူဇူးတွေရမှာလဲ…?

Ecommerce အသုံးပြုခြင်းအားဖြင့် အဓိကရနိုင်တဲ့ အကြိုးကျေးဇူးတွေကတော့
သာမန်ဈေးသည်တွေလို ဆိုင်ခန်းဆောက်ပြီး ပြင်ဆင်ရတဲ့စရိတ်တွေ၊ ပစ္စည်းတွေကို ဆိုင်ခန်းအရောက်သယ်ယူစရိတ်တွေလျှော့ကျသွားပါမယ်။
အရောင်းအဝယ်လုပ်တဲ့နေရာမှာ ရှေးရိုးစနစ်တွေထက် ပိုမို လျှင်မြန် ချောမွှေ့လာပါမယ်။
မိမိရဲ့ထုတ်ကုန်တွေကို နေရာအနှံ့ကလူတွေ Online ကဆင့်ကြည့်ရှုနိုင်တာကြောင့် ဆိုင်ခွဲဖွင့်ရတဲ့စရိတ်၊ပစ္စည်းပို့ရတဲ့စရိတ်တွေ သက်သာသွားပါတယ်။

ဒါ့အပြင် နေရာအနှံ့ကလူတွေ Online ကဆင့်ကြည့်ရှုနိုင်တာကြောင့် မိမိဆိုင်ကိုလူဝင်ရောက်နှုံးက offlineျမှာဆိုင်ဖွင့်တာနဲ့ မနိုင်းယှဉ်နိုင်လောက်အောင်
များပြားလာမှာဖြစ်ပါတယ်။ တထိုင်ထဲမှာ ဆိုင်များစွာရဲ့ ပစ္စည်းဈေးနှုန်းတွေကိုလေ့လာပြီး အတန်ဆုံးကို ရှာဖွေဝယ်ယူနိုင်တာကြောင့် စားသုံးသူတွေကို
အကြိုက်တွေ့စေပြီးစားသုံးမှုနှုန်းမြင့်တက်လာမှာဖြစ်ပါတယ်။
ဒါကြောင့် E commerce Service စနစ်ဟာ စားသုံးသူနှင့်ရောင်းဝယ်ဖေါက်ကားသူ နှစ်ဥိးနှစ်ဖက်စလုံး အကြိုးဖြစ်ထွန်းစေမဲ့စနစ်တစ်ခုဖြစ်ပါတယ်။

About The Author

ibiz-admin

No Comments

Leave a Reply

PAST AND PRESENT

OUR CLIENTS


HERE TO SERVE YOU

CONTACT US


Address:

862, Damaryone Street
10 Mile, Insein Township. Yangon, Myanmar

Phone:

+95 1 663621
+95 9 4200 41884

Hours:

Mon-Fri 9am – 5:30pm
Sat  9am – 12am