Facebook မှာ Engagement များများရအောင် ဘယ်လိုလုပ်သင့်သလဲ …?။

အခု 2018 အတွင်းမှာ facebook ရဲ့ အခြေခံ ဖွဲ့စည်းဆောင်ရွက် ပုံစံလေးတွေ နဲနဲပြောင်းသွားတာကြောင့် content တင်သူတွေအနေနဲ့လည်း facebook ပေါ်လစီနဲ့ ကိုက်ညီတဲ့ content မျိုးကို ဖန်တီးရေးသားဖေါ်ပြသင့်ပါတယ်။ဒါမှလည်း Like&share တွေများများရပြီး ကိုယ့်ရဲ့ ရည်မှန်းချက်လည်း ပေါက်ရောက်အောင်မြင်မှာဖြစ်ပါတယ်။ယ္ခုလောလောဆယ် သတ်မှတ်ချက်တွေအရ မိမိတို့ရေးသားနေတဲ့ content တွေဟာ facebook အသုံးပြုသူတွေကြားမှာတစ်ကယ်အကျိုးကျေးဇူ:

းဖြစ်နိုင်တာကြောင့် facebook user အချင်းချင်း ပြန်လည်ဝေငှကြ ၊ Share&Like လုပ်ကြတဲ့post မျိုးတွေကိုသာ facebook က လူအများထံကိုရောက်အောင် ပိုမို ပို့ဆောင်ဖြန့်ဝေပေးသွားမှာဖြစ်တယ်။ဒါကြောင့် အဲဒီလို post တွေကို ဘယ်လိုဖန်တီးရမလဲ၊ post တွေကို ဖန်တီးရေးသားတဲ့အခါမှာ ဘယ်လိုအချက်တွေကို
ထည့်သွင်းစဉ်းစားသင့်သလဲ ဆိုတာဖေါ်ပြပေးထားပါတယ်။

Post တွေအကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင် အဓိကအနေနဲ့ ဖေါ်ပြပါ (၅) ကို ထည့်သွင်းစဉ်းစားပြီးလုပ်ဆောင်သင့်ပါတယ်။

  • (၁) Question
    မိမိ audience (ပရိတ်သတ်) စိတ်ဝင်တစား ရှိပြီး ပြန်လည်ဖြေဆိုနိုင်မဲ့ မေးခွန်းမျိုးကို ဖန်တီးပြီး user တွေရဲ့အာရုံကို
    ရယူပါ။
  • (၂) Fill-in-the-Blanks
    ကွက်လပ်ဖြည့်ရတဲ့ quizz မျိုးတွေဖန်တီးပြီး မိမိ audience ကိုဆွဲဆောင်ပါ။ ဒီနည်းကတော့
    တစ်ချို့သူတွေအတွက် တော်တော် ခောတ်နောက်ကျနေတဲ့ နည်းမျိုးလို့ ဆိုစရာရှိပါတယ်။စိတ်ဝင်စားစရာ
    ရုပ်ပုံတွေ သုံးပြီး ဥာဏ်စမ်းပဟေဠိ အမေးအဖြေ quizz မျိုးတွေနဲ့ အစားထိုးပြီး စိတ်ဝင်စားအောင်လုပ်ပါ။
  • (၃) Contest
    ပြိုင်ပွဲလေးတွေ လုပ်ပေးပါ။ ဒီလိုပြိုင်ပွဲတွေ လုပ်ရင်းနဲ့ မိမိအသစ်ထုပ်မဲ့ ဝန်ဆောင်မှုအသစ်တွေ၊ ထုပ်ကုန်
    ပစ္စည်း အသစ်တွေ ကိုတစ်ပါတည်း မိတ်ဆက်ပေးသွားလို့ရပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် facebook policy နဲ့
    ညှိနိုင်းလုပ်ဆောင်ရမှာဖြစ်တယ်။ policy နဲ့ညီတယ် ဆိုရင်တော့ facebook မှာပါတဲ့ Facebook contest နဲ့
    promotion apps စတာတွေ သုံးပြီး ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။
  • (၄)Giveaways
    ဒီနည်းက Contest နဲ့ဆင်တူပါတယ်။ မတူတာက ဆုရွေးချယ်တဲ့ အခါမှာ ကျဘမ်းရွေးချယ် ချီးမြှင့်တာ
    တစ်ခုဘဲကွာပါတယ်။ post comments ကနေတဆင့် ယှဉ်ပြိုင်မှုပြုလုပ်ရင် Comment Picker နဲ့စာရင်းကောက်
    ပြီးဆုပေးဖို့ ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ ဒီပြိုင်ပွဲတွေလုပ်ရင်းနဲ့လည်း engagement ကိုတက်စေပါတယ်၊
  • (၅) Relevant Content
    Contest တွေလုပ်ရင်းနဲ့ အချိန်တိုအတွင်းမှာ engagement တွေရနိုင်သလို user တွေကြားမှာ အတွေးအမြင်သစ်တွေ
    ပါပြီး အမြဲသစ်လွင်လတ်ဆတ်နေတဲ့ post တွေတင်ပြီး မှတ်ချက်တောင်းတဲ့ ပုံစံမျိုး လုပ်ဆောင်ခြင်းအားဖြင့်လည်း user
    များထံမှ engagement တွေရနိုင်ပါတယ်။

About The Author

ibiz-admin

No Comments

Leave a Reply

PAST AND PRESENT

OUR CLIENTS


HERE TO SERVE YOU

CONTACT US


Address:

862, Damaryone Street
10 Mile, Insein Township. Yangon, Myanmar

Phone:

+95 1 663621
+95 9 4200 41884

Hours:

Mon-Fri 9am – 5:30pm
Sat  9am – 12am