Facebook ကြော်ငြာကနေတဆင့် အရောင်းမဖြစ်ရတဲ့ အကြောင်း (၃)ချက် ကိုဖြေရှင်းခြင်း

တစ်ချို့ကကြော်ငြာတွေလုပ်နေကြတယ်။ လုပ်သလောက်မထိရောက်ကြဘူး။ မိမိရည်မှန်းထားသလောက် မိမိလုပ်လိုက်တဲ့
ကြော်ငြာကစွမ်းဆောင်မပေးနိုင်ဘူး။ ဒါဆိုရင် ဘယ်နေရာတွေမှာ ဘာတွေလိုနေလို့ ဒီလိုမျိုးတွေဖြစ်နေရတာလဲ၊ ဘယ်လိုအချက်တွေကို
သတိထားလုပ်ဆောင်သင့်လဲ ဆိုတတွေကို ဖေါ်ပြပေးထားပါတယ်။

1. လူတွေက facebook ပေါ်ကို ဈေးဝယ်ဖို့တက်လာကြမှာမဟုတ်ဘူး

မိမိတို့ရဲ့ services and rpoducts တွေရဲ့ဆွဲဆောင်အပြည့်ပါတဲ့ content စာသားတွေ ၊ design
တွေကို ဘာမှမလုပ်ပဲ page ပေါ်မှာဒီအတိုင်းထားလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ မိမိတို့ရဲ့
services and products တွေကို မိမိနဲ့ Mark Zuckerberg သိရုံနဲ့လည်း အလုပ်မဖြစ်ဘူး
အရောင်းဖြစ်ချင်ရင် ဝယ်မဲ့သူရှေ့ရောက်အောင် မိမိတို့ရဲ့ကြော်ငြာကို ပို့ဆောင်ပေးနိုင်ရမှာဖြစ်ပါတယ်။
ဆိုလိုတာက မိမိတို့ရဲ့ service တွေ၊ products တွေ ရယူအသုံးပြုတွေရဲ့ ရှေ့ရောက်အောင် မိမိရဲ့
post တွေကို အရောက်ပို့နိုင်ပြီဆိုရင် အရောင်း ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ အဲဒီလိုဖြစ်အောင်
post တွေကို သင့်တင့်လျှော်ကန်တဲ့ ကြော်ငြာနည်းစနစ် အမျိုးအစား သုံးပြီးတော့ ကြော်ငြာလိုက်ခြင်း
အားဖြင့် ဖြေရှင်းနိုင်ပါတယ်။

2. အချိန်ယူတဲ့ကြော်ငြာ

မိမိတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ကိုကြော်ငြာတွေဟာ အခုထလုပ်၊ အခုကြော်ငြာ လိုက်ရင်
အောင်မြင်ဖို့ ရာခိုင်နှုန်းတော်တော် နဲပါတယ်။ မိမိကြော်ငြာအောင်မြင်ချင်တယ်ဆိုရင်တော့ အောက်ဖေါ်ပြပါ လုပ်ငန်းစဉ်
တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။
(1) အနဲဆုံး စမ်းသပ်ကြော်ငြာ ၃~၄ ခုလောက် စမ်းသပ်လုပ်ဆောင်ပါ။
(2) စမ်းသပ်ကြော်ငြာ တစ်ခုစီအတွက် Audience တွေရဲ့ ကျားမ ၊ အသက်၊ နေထိုင်ရာဒေသ၊ အလုပ်အကိုင်၊
ဝါသနာ စကည်ဖြင့် ရည်ရွယ်ချက်တူ ပုံစံကွဲ စနစ်နဲ့ စဉ်းစားလုပ်ဆောင်ပါ။
(facebook ads manager ရဲ့ audience section မှာ research လုပ်ပြီး ဆောင်ရွက်နိုင်သည်။)
(3) စမ်းသပ်ကြော်ငြာများကို ထိုက်သင့်သော အချိန်အတိုင်းအတာတစ်ခုအထိ သင့်တင့်သောနှုန်းဖြင့်ကြော်ငြာပါ။
(4) ကြော်ငြာရက်ပြီးဆုံးပါက စမ်းသပ်ကြော်ငြာ တစ်ခုခြင်းကို သေသေခြာခြာ သရုတ်ခွဲလေ့လာပါ။
(5) အကောင်းဆုံး နှင့် ဖြစ်နိုင်ချေ အများဆုံး စမ်းသပ်ကြော်ငြာ တစ်ခုကိုရွေးချယ်ပါ။
(6) ရွေးချယ်ထယးသော စမ်းသပ်ကြော်ငြာ ကို မိမိစိတ်ကြိုက် သင့်တော်သလို ထပ်မံ ကြော်ငြာနိုင်ပါသည်။

3.စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း

မိမိတစ်ခုခု ကြော်ငြာ လိုက်တာနဲ့ တိုက်ရိုက်တန်းပြီးတော့ ပေါက်သွားတယ် ရောင်းရတယ် ဆိုတာ ဖြစ်နိုင်ချေ
တော်တော်နဲပါတယ်။ မိမိရဲ့လုပ်ငန်း ကုမ္ပဏီ အကြောင်းသိသူ၊ မိမိရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ သိရှိထားသူ
သုံးစွဲဘူးသူတွေကသာ မိမိတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှု အသစ်တွေက စိတ်ဝင်စားပြီး သုံးစွဲကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ audience တွေနဲ့ အမြဲထိတွေ့ နွေးထွေးနေစေဖို့ social media တွေကနေတဆင့် အဆက်အသွယ်
မပြတ်အောင် နည်းစနစ်တကျ အမြဲဆောင်ရွက်နေဖို့လိုပါတယ်။ ဒီလိုထိတွေ့မှုတွေ လုပ်ထားမှ မိမိတို့ ထုတ်ကုန်တွေ၊
ဝန်ဆောင်မှုတွေ အသစ်ထုတ် မိတ်ဆက်တဲ့အခါမှာ အောင်မြင်မှုရနိုင်မှာ ဖြစ်ပါတယ်။

About The Author

ibiz-admin

No Comments

Leave a Reply

PAST AND PRESENT

OUR CLIENTS


HERE TO SERVE YOU

CONTACT US


Address:

862, Damaryone Street
10 Mile, Insein Township. Yangon, Myanmar

Phone:

+95 1 663621
+95 9 4200 41884

Hours:

Mon-Fri 9am – 5:30pm
Sat  9am – 12am