Bounce Rate က ဘာတွေပြောနေလဲ…

Bounce Rate ဆိုလိုရင်းကတော့ မိမိတို့ရဲ့ Website, Blog Post တွေကို click လုပ်ပြီးအဲဒီ post, page တွေကိုဘာကိုမှသေချာမကြည့်တော့ဘဲ တစ်ခြားနောက်တစ်မျိုး
ထံကိုချက်ခြင်းပြောင်းလည်း ကြည့်ရှုတာကြောင့် ဖြစ်ပေါ်လာတဲ့အကြိမ်အရေအတွက်ရာခိုင်နှုန်း ဖေါ်ပြထားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။
ဒီ Bounce Rate ကိုကြည့်ပြီး ကိုယ့်ရဲ့တင်လိုက်ကြော်ငြာလိုက်တဲ့ post, page အခြေအနေ ကိုသုံးသပ်လေ့လာနိုင်ပါတယ်။ တနည်းပြောရရင် Bounce Rate နဲ့တစ်ခြား
အရင်းအမြစ်အချက်အလက်တွေနဲ့ ယှဉ်ထိုးလေ့လာပြီး ကိုယ်ပြန်လည်ရရှိမဲ့ အကျိုးအမြတ်တွေကို မှန်းဆတွက်ချက်ကြည့်နိုင်ပါတယ်။
Social Media Traffic ဘက်ကလာတဲ့ Bounce Rate ကိုကြည့်ပြီး တစ်ခြားကောက်ချက်ချနိုင်တဲ့ အရေးပါတဲ့ အကြောင်းအချက်ရှိပါသေးတယ်။ အဲဒါကတော့
မိမိတို့လုပ်ငန်းအတွက် ရွေးချယ်ကြော်ငြာလိုက်တဲ့ Post Ads ရဲ့Target Audience ဘယ်လောက်မှန်ကန်မှုရှိသလဲဆိုတာပါဘဲ။ အကယ်၍ Bounce Rate သိပ်များနေတယ်
ဆိုရင်တော့ မိမိရဲ့ Target Audience ရွေးချယ်မှုဟာ လွဲနေပြီး ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ လိုအပ်နေပြီလို့ ယူဆရမှာဖြစ်ပါတယ်။
Bounce Rate နဲနေရင်တော့ မိမိရဲ့ Target ရွေးချယ်မှုဟာ မှန်ကန်မှုနဲ့ အတော်နီးစပ်နေပြီလို့ ကောက်ချက်ချနိုင်တဲ့အပြင် မိမိရဲ့ Budget ကိုတိုးမြှင့် သုံးပြီး ဒီလို
Audience မျိုးကို စုဆောင်းထားရှိသင့်ပါတယ်။
နောက်တစ်ချက်က organic traffic ဘက်ကနေကြည့်ပြီး ကောက်ချက်ဆွဲနိုင်တဲ့ခန့်မှန်းနိုင်တဲ့ အချက်တွေပါ။ traffic အဝင်နဲနေရင် meta description ကြောင့်လား ၊
SEO ကြောင့်လား ၊ Bounce Rate တက်နေရင် landing page ကြောင့်လား ၊ မိမိ website ရဲ့ navigation/sitemap တွေအားနဲနေလို့လား စတာတွေ ပြန်လည်သုံးသပ်
သင့်ပါတယ်။ ဒီလိုအရေးပါတဲ့ Figure ကို ဘယ်မှာ ဘယ်လိုကြည့်နိုင် ရှာနိုင်မှာလည်း ဆိုတာ ဆက်လက်ဖေါ်ပြသွားပါမယ်။

 

ဘယ်လို Track လုပ်မလဲ…။
STEP 1 – Google Analytics မှာ မိမိ website ကို set up လုပ်ပါ။
STEP 2 – Acquisition ကိုနှိပ်ပါ။
All Traffic ကိုနှိပ်ပါ။
Channel ကိုနှိပ်ပါ။
STEP 3 – Bounce Rate ကော်လံ ကိုကြည့်ပြီး လေ့လာနိုင်ပါသည်။

About The Author

ibiz-admin

No Comments

Leave a Reply

PAST AND PRESENT

OUR CLIENTS


HERE TO SERVE YOU

CONTACT US


Address:

862, Damaryone Street
10 Mile, Insein Township. Yangon, Myanmar

Phone:

+95 1 663621
+95 9 4200 41884

Hours:

Mon-Fri 9am – 5:30pm
Sat  9am – 12am